တသက်တခါ
တလွှာတရွက်
တခက်တပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲ့ပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ် ။
မောင်စိန်ဝင်း(ပုတီးကုန်း)
No comments:
Post a Comment