ဒီနည်းလေးကို အားလုံးပဲ သိသင့်တယ်ထင်လို့ ဒီနေ့ဒီပိုစ့်လေးကို
ရေးလိုက်ရပါတယ်..။ အခုဒီနည်းက Backup Files လုပ်မထားတဲ့ စက်တွေမှာ
အလွယ်သုံးတဲ့ နည်းလေးပါ..။ များသောအားဖြင့် ရတတ်သလို ၊ လုပ်မရတဲ့
အခါများလည်း ရှိပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာမှာ ဆော့ဝဲလ်တွေကို
အမြဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေတဲ့ အခါမှာ System Restore Point တွေဟာ
များများလာပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေက သူတို့ကို သွင်းလိုက်တဲ့
အချိန်မှာ Restore Point တွေဖြစ်ပေါ်လာအောင် ကွန်မန်းတွေ ပါလာလို့ပါ..။
ဒါပေမယ့် တချို့ဆော့ဝဲလ်တွေကျတော့ ရှိပြီးသား Restore Point တွေကို
ဖျက်ပစ်ပြီး ဒီဆော့ဝဲလ်ကို သွင်းတဲ့ အချိန်ကိုပဲ Restore Point
မှာမှတ်ထားပါတယ်..။ တချို့ဆော့ဝဲလ်တွေ ကျပြန်တော့ ရှိပြီးသား Restore Point
တွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။
thandar oo
Wednesday, 30 January 2013
Startup Repair အသုံးပြုနည်းနှင့် Registry Repair မလုပ်ခင် Restore Point ဖန်တီးခြင်း-အသုံးပြုခြင်း (လွင်မင်းဗိုလ်)
kolinlin: အကိုလွင်ရေ
StartupRepair ကလုပ်မတတ်ဘူးအကိုရေ Window Boot Manger ဆိုပြီးပေါ်တယ်.Enter
နှိပ်လည်းအဆင်မပြေဘုး.ကူညီပါဥိးနော်..စက်ဖွင့်ရင်Windowမတက်လို့ပါ။Post
တင်ပေးပါနော်လေးစားစွာဖြင့်..
ဒီအစ်ကိုလို Windows Startup အဆင်မပြေတဲ့သူများနဲ့
မိမိတို့စက်မှာ ဆော့ဝဲလ်တွေ မထည့်ခင်၊ ဝင်းဒိုးထဲက Registry Error-Repair
မလုပ်ခင် အချိန်တွေမှာ System Restore Point ဖန်တီးထား တတ်ဖို့နဲ့ ပြန်ပြီး
Restore လုပ်တတ်အောင်ပါ.. ဒီပိုစ့်မှာ ရှင်းပြထားပါတယ်..။ System Restore အသုံးပြုတတ်အောင်
အရင်တုန်းက ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အခုဟာကတော့ System Restore
Point ဖန်တီးတတ်ဖို့နဲ့ ဖန်တီးထားပြီးသားကို ပြန်ပြီး Restore
လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ ဆော့ဝဲလ်တွေထည့်တဲ့အခါနဲ့ Windows Update
တက်သွားတဲ့အခါတွေမှာ အရင်ရှိပြီးသား Restore Point တွေ ပျက်ကုန်တတ်တဲ့အတွက်
မိမိတို့အနေနဲ့ သတိထားပြီး Restore Point တွေကို
မကြာမကြာဖန်တီးပေးထားပါ..။
Wednesday, 28 November 2012
ဆရာဒေါင်းနွယ်ဆွေ ကဗျာတွေပါ
(မာန်)
အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ်...
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ်...
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ်...
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ်...
အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ်...
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေအုံးမယ်...။
အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ်...
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ်...
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ်...
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ်...
အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ်...
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေအုံးမယ်...။
Tuesday, 27 November 2012
နာရီပြင်ဆရာ၏အိမ်နီးချင်း (ဂျုး)
နာရီပြင်ဆရာ၏အိမ်နီးချင်း (ဂျုး) |
လွန်လွန်းသည်။
သူဤအိမ်သို့ပြောင်းလာခါစကတော့ နာရီပြင်ဆရာနှင့် အိမ်ချင်းကပ်လျှက် ဖြစ်သော
ကြောင့် ဝမ်းသာကျေနပ်ခဲ့၏ ။သူ့မှာ မကြာခဏပျက်တက်သော စားပွဲတင် နာရီတလုံး ရှိသောကြောင့်
ဖြစ်သည်။နောက်ပြီးနာရီပြင်ဆရာ၏ ဂုဏ်သိက္ခာကိုလည်း သူသဘောကျသေူကြောင့်ဖြစ်သည်။နာရီ
ပြင်ဆရာသည် ဘဝတွင် နာရီပြင်ခြင်းနှင့် ဘုရားရှိခိုး တရားစာရွတ်ခြင်းမှတပါး မည်သည့်အလုပ်မျှ
မလုပ်သူ ဖြစ်လိမ့်မည်။သူရောက်သွားတိုင်း နာရီတခုခုကို ကိုင်တွယ်ပြင်ဆင်လျှက်သာ သို့မဟုတ်သား
ရေဖုန်း ဘာသာရေးစာအုပ် တခုခုကို ဖတ်လျှက်သာတွေ့ရသည်။
Sunday, 25 November 2012
လွမ်းစံပယ် မောင်စိန်ဝင်း(ပုတီးကုန်း)
တကယ်မဝေးပေမယ့်
စံပယ်လေးတွေခြောက်ပြီလေ......
မခေါ်သာအတွေ့ခက်
နေ့ရက်တာရှည်.......
ပွင့်သစ်တို့တဝေဝေ
ပွင့်ကြွေတို့တဖွေးဖွေး......
အသက်တမျှချစ်ပါရဲ့
လက္ခဏာအဖြစ်လိုပွဲမဝင်ထိုက်သူမို့
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလဲ
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့
အမှတ်တရကွယ် ခြေရာချန်သလား
ဝေဒနာကျန် တမြေ့မြေ့အဆွေးတွေနဲ့
မရေရာပြန် တစေ့စေ့တွေးတောမှ
(အချစ်ရေ)တနေ့ထက်တနေ့ဝေး...။
မောင်စိန်ဝင်း(ပုတီးကုန်း)
Wednesday, 21 November 2012
အပြောင်းအလဲ...မောင်စိန်ဝင်း(ပုတီးကုန်း)
နှစ်ဦးတူယှဉ် ဒီအပင်အောက်
ပန်းကြွေကောက်စဉ် ရင်တထိတ်ထိတ်
ဒီအရိပ်မှာ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။
Tuesday, 20 November 2012
Subscribe to:
Posts (Atom)