(မာန်)
အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ်...
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ်...
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ်...
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ်...
အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ်...
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေအုံးမယ်...။
( ကဗျာအမွေ စာမသေ)
ငါ သေတဲ့အခါ
ဘာ အမွေ ပစ္စည်းများ
ထားခဲ့ပါရ ။
အို....လောကတဝှမ်းလုံး
သဘော ဓမ္မ လွှမ်းဖုံး
အချော အလှ အဆန်းဆုံး
မနော မယ ပန်းကုံး ကဗျာတွေသီလို့
သည်းလွှာမြေမဟီ ကျောက်ဂူလုပ်ကာ
မြုပ်ခဲ့မည်ပ ။
(ဒေါင်းနွယ်ဆွေ)
No comments:
Post a Comment