Thursday, 15 November 2012
စွပ်ကျယ်(နွယ်စိမ်းဝေ)
စွပ်ကျယ်
ဂျင်းဘောင်းဘီအနားခေါက်ထားသလို
မလိုတဲ့ကဏ္ဍတွေကို "ခေါက်"ထားချင်တယ်။
ရေမယိုကြောင်းအာမခံ
အသားတံဆိပ်ကို အသားမှာကပ်ထားတယ်
ချောကလပ်ရောင်နှုတ်ခမ်းနဲ့
မျက်ခုံးမွှေးပေါ်စကိတ်စီးတဲ့ချာတိတ်မ
အလင်းက
အမှောင်နဲ့မျက်နှာချင်းဆိုင်
တင်းကြပ်နေမှုကို
သော့ခတ်ထားလို့မရဘူး။
မျက်လုံးတွေပြေးလွှားရင်း မောဟဆီ
ကျောက်လဲနဲ့ ခလုတ်တိုက်သူ
ကိလေသာဟာ
စွပ်လေကျယ်လေ..။
(နွယ်စိမ်းဝေ)၊ ၂၀၀၇၊ ဒီဇင်ဘာ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment