C:/Program Files/Google/Google Talk
အဲ့ဒီ ထဲမှာ ရှိနေတဲ့ Gtalk Icon လေးကို Right Click ထောက်လိုက်ပါ။ပြီးရင် Send To ဆိုတာလေးကို တွေ့အောင်ရှာပါ။Send To ကိုတွေ့ရင် Destop(Create Shortcut) ဆိုတာလေးကို Click လိုက်ပါ။ဒါဆိုရင် မိမိ Computer Destop လေးမှာ Gtalk Icon ပုံ Gtalk Software လေးရောက်ရှိသွားမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင် လုပ်ရမဲ့ အဆင့်ကတော့ အောက်က ပုံလေးတွေ အတိုင်းပေါ့ဗျာ။အဲ့ဒီ Gtalk Icon လေးကို ခုနကလိုပါပဲ Right Click ထောက်လိုက်ပါ။ပြီးရင် Properties ဆိုတာလေးကို Click လိုက်ပါ။
အဲ့ဒီ ပုံလေး အတိုင်း လုပ်ပြီးရင်တော့ အောက်က ပုံလေးအတိုင်း Box လေးတစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီမှာ စတွေ့တော့တာပဲဗျာ။အဲ့ဒီ Box လေးက Shortcut ဆိုတဲ့ Tab လေးကိုသွားလိုက်ပါ။ပြီးရင်အဲ့ဒီ Tab လေးမှာ ရှိတဲ့ Target ဆိုတဲ့ နေရာလေးမှာ အရင်ဦးဆုံး ကျွန်တော်တို့ မြင်ရမှာက အောက်က စာလေးအတိုင်းပေါ့ဗျာ။
"C:\Program Files\Google\Google Talk\googletalk.exe
အပေါ်က စာလေးအတိုင်း ကျွန်တော်တို့ မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ စာလေးနေရာမှာ ကျွန်တော်တို့ အနည်းငယ် ပြင်ပေးရပါမယ်။အောက်က စာလေး ဖြည့်ရေးပေးလိုက်ယုံပါပဲဗျာ။googletalk.exe ဆိုတဲ့ စာလုံးလေးရဲ့ အနောက်မှာ ထည့်ပေးရမှာ ဖြစ်ပါတယ်ဗျာ။googletalk.exe'' နဲ့ /nomutex ရဲ့ ကြားမှာ Space Bar တစ်ချက်ခြားဖို့ မမေ့ပါနဲ့နော်။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex လေးဖြည့်ရေးပေးရုံပါပဲ။
အပေါ်က ပုံလေးအတိုင်းပေါ့ဗျာ။ပြီးရင် Apply ဆိုတာလေးကို နှိပ်ပြီး Ok လိုက်ကြပေါ့ဗျာ။ဒါဆိုရင် သူငယ်ချင်းတွေ လိုချင်တဲ့ Gtalk Account နှစ်ခု ဖွင့်လို့ရသွားကြပြီပေါ့ဗျာ။အယ် မှားလို့ နှစ်ခု မဟုတ်ဘူးနော်။အများကြီး ဖွင့်လို့ရသွားပြီပေါ့ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး မရှင်းတာ ဘာရှိသေးလဲဗျာ။မရှင်းရင်လဲ Cbox လေးမှာ ဖြစ်ဖြစ် Comments ပေးထားလို့ရပါပြီဗျာ။ကျွန်တော့ IT Bank ဆိုဒ်လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ လက်ဆင့်ကမ်းပေးကြပါဦးနော်။ပင်လယ်သမုဒ္ဒရာရေ ဆိုတာ တစ်ယောက်တည်းသောက်လို့မှ မကုန်တာပဲနော်။မဟုတ်ဘူးလားဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် နေမကောင်းရင်း Post တင်ရကျိုးနပ်ပါပြီဗျာ။
(IT Bank..မှ)
No comments:
Post a Comment