Disk Cleanup Scheduled လုပ်နည်း
အဆင့်(၁)
၁) Start မှ Run တွင် cleanmgr /sageset:50 ရိုက်ထည့်ပါ။
၂) Box ပေါ်လာလျှင် အားလုံးကို အမှတ်ခြစ်ပေးလိုက်ပါ။
၃) OK ။
အဆင့်(၂)
၁) Control Panel က Scheduled Tasks ဆိုတာကို ဖွင့်ပါ။
၂) Double Click လုပ်ပြီး ဖွင့်ပါက Wizard Box ပေါ်လာလိမ့်မယ်။
၃) Next လုပ်ပါ။
၎) Disk Cleanup ဆိုတာကို ရှာပါ။ Next ။
၅) နေ့စဉ် ဖျက်/ရှင်းတာ ကောင်းတဲ့အတွက် Daily သာ ရွေးပါ။ Next ။
၆) စပြီး လုပ်ချင်တဲ့ အချိန်ကို ထည့်ပါ။ မိမိအနေနဲ့ကတော့ နံနက် ၁၀ နာရီကို လုပ်ပါတယ်။ Next ။
၇) Next ။
၈) Check Box ကို အမှန်ခြစ်ပေးပြီး Finish ။
၉) Finish လုပ်လိုက်ပါက အောက်က Box ကျလာလျှင် Ok ။
၁၀) နောက်တစ်ခု ထပ်ကျလာလိမ့်မယ်။ အဲဒီမှာ Run : အကွက်ရဲ့ နောက်ဆုံးမှာ /sagerun:50 ဆိုတာကို ရိုက်ထည့်ပါ။
၁၁) Apply လုပ်လိုက်ပါက Password များ တောင်းပါလိမ့်မည်။ အပေါ်တွင် ပေးခဲ့ပါက ဖြည့်ပါ။ မပေးခဲ့ပါက မဖြည့်ပါနှင့်။
ဒါဆိုရင် နေ့စဉ် မိမိတို့ သတ်မှတ်တဲ့ အချိန်ရောက်တိုင်း စက်က အော်တို ဖျက်/ရှင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အချိန်တွေ၊ ဦးနှောက်တွေ မလိုတော့ပါဘူး။ မေ့စရာလဲ မလိုတော့ဘူးပေါ့။
အထက်ပါ နည်းလမ်းအတိုင်း Disk Defragmenter လဲ လုပ်၍ ရပါတယ်။ လုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တဲ့အတွက် လုပ်ဆောင်ကြည့်ကြပါ။ အဆင်ပြေပါစေ။
မောင်စေတနာ
No comments:
Post a Comment